(၇၆) နှစ်မြောက် အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့သမိုင်းတွင် တိုင်းပြည်အတွက် ကြီးမား သော ဆုံးရှုံးမှုအဖြစ် ကြုံတွေ့ခဲ့ရသည့် မမေ့နိုင်စရာ ကြေကွဲဖွယ်နေ့ တစ်နေ့ဖြစ်ပါသည်။ မသမာ လူတစ်စုတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့ကြရသည်မှာ ယနေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ကမ္ဘာတည်သရွေ့ မေ့ဖျောက် ၍ မရနိုင်သည့် နေ့တစ်နေ့လည်းဖြစ်ပါသည်။ ၂။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (စနေနေ့)၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များ ရုံး၌ တိုင်းပြည်ကျွန်ဘဝက လွတ်မြောက်ရေးနှင့် စစ်ပြီးခေတ် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေးပြုလုပ်နေသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ ကြားဖြတ်အစိုးရ ဝန်ကြီးများကို မျိုးချစ်ခေါင်းဆောင် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့က ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး မြန်မာပြည်၏ အနာဂတ်ကို ဖျက်ဆီးခဲ့ကြပါသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောကြောင့် မိမိတို့တိုင်းပြည်အတွက် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ အလွန်များပြားသည်ကို ယနေ့နိုင်ငံရေး အခြေ အနေများအား သုံးသပ်ကြည့်ပါက သိနိုင်မည်ဖြစ်ပါသည်။ တစ်စုတစ်ဖွဲ့ကောင်းစားရေးအတွက် တိုင်းပြည်ကို အသုံးချကာ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့ကြသောကြောင့် မိမိတို့တိုင်းပြည်သည် ယနေ့အချိန်အထိ နလန်မထူနိုင်ဘဲ အာဇာနည်သူရဲကောင်းများစွာလည်း ဆုံးရှုံးခဲ့ကြရပါသည်။ ၃။ ယနေ့နွေဦးတော်လှန်ရေးတွင်လည်း ဂဠုန်ဦးစောနှင့် အပေါင်းအပါများကဲ့သို့ အကြမ်းဖက် စိတ်ဓာတ်များဖြင့် အာဏာရှင်ပီသစွာ ပြုမှုလုပ်ဆောင်လျက်ရှိသည့် တရားမဝင် စစ်အုပ်စုသည်လည်း ပြည်သူလူထုထံမှ ဆင်းသက်လာသည့် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ သိမ်းယူ ခဲ့ပြီး ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နှင့်လူမျိုးတို့၏ အသက်၊ အိုးအိမ်နှင့်စည်းစိမ်များစွာ ကို ချနင်းဖျက်ဆီးလျက် ရှိပါသည်။ လူမဆန်သော စစ်အာဏာရှင်တို့၏ အကြမ်းဖက် ဖိနှိပ်ချုပ်ချယ် မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက ခေါင်းငုံ့မခံဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် အသက် ကိုပင် ပဓာနမထားဘဲ အာဇာနည်ခေါင်းဆောင်(၉)ဦး စိတ်ဓာတ်အပြည့်ဖြင့် အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး တွဲလက်ညီညီ တိုက်ပွဲဝင်လျက် ရှိပါသည်။ ဇူလိုင် ၁၉ တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သောအာဇာနည်သူရဲကောင်းများနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ မိမိတိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဂုဏ်ပြု ဦးညွှတ်လိုက်ပါသည်။ ၄။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မပြီးပြတ်ခဲ့သော အာဏာရှင်စနစ် ပျက်သုဉ်းရေးလုပ်ငန်းစဉ်များကို မိမိတို့ တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေး အင်အားစုများအားလုံးက တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း အလေးအနက် တိုက်တွန်းနှိုးဆော် လိုပါသည်။ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် အပေါင်းတို့၏ ကျေးဇူးကိုသိ၍ အမှန်တကယ် လေးစားမြတ်နိုးတန်ဖိုးထားကြသည်ဆိုလျှင် အာဇာနည်ကြီးများ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူပေးခဲ့သည့် လွတ်လပ်ရေးကို ရေရှည်တည်တံ့ အောင် မိမိတို့နိုင်ငံသားအားလုံးက ဦးလည်မသုန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။ ၅။ အတိတ်သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီး တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအားလုံးအနေဖြင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် လေးစားမှုတို့ကို အခြေ တည်လျက် အာဇာနည်ကြီးများ ချမှတ်ခဲ့သည့် နိုင်ငံရေးလမ်းစဉ်များကို ကျင့်သုံးကာ မိမိတို့အားလုံး မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အမှန်တရားမှပေါက်ဖွားလာသော ခွန်အားများဖြင့် ရှေ့ဆက်ချီတက်ကြပါစို့လို့ တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-07-19

Date of entry: 

2023-07-19

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

596.58 KB

Resource Type: 

text

Text quality: 

    • Good