လူပုဂ္ဂိုလ် (၆) ဦးနှင့် အဖွဲ့အစည်း (၁) ခုအပေါ် ဥရောပသမဂ္ဂက သတ္တမအကြိမ်မြောက် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

Description: 

"၁။ မြန်မာပြည်သူများအပေါ်၌ ဆိုးရွားသော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်လုပ်ဆောင်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်မှုများကို ဖျက်ဆီးခဲ့ပြီး တိုင်းပြည်အတွင်း တည်ငြိမ်အေးချမ်းရေးကို ထိပါးခြိမ်းခြောက် နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အာဏာသိမ်းစစ်တပ်၏ တရားမဝင် အဖွဲ့အစည်းမှ အဖွဲ့ဝင် (၂) ဦး၊ ယင်းတရားမဝင်အဖွဲ့အစည်း၏လက်အောက်ခံ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ထောက်ချုပ်နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့အပေါ် ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် ကြိုဆိုပါသည်။ ၂။ ယခုကဲ့သို့ ဥရောပသမဂ္ဂ၏ (၇) ကြိမ်မြောက်သည့်တိုင် ချမှတ်ခဲ့သည့် ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများသည် တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် မှုနှင့် ရာဇဝတ်မှုများကို တားဆီးနိုင်ရေးအတွက် များစွာ ထိရောက်မှုရှိပါသည်။ မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် နိုင်ငံတဝှမ်းလုံး၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး တို့တည်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ကြိုးပမ်းနေကြသည့် မြန်မာပြည်သူတို့အတွက် များစွာခွန်အားဖြစ်စေခြင်းကြောင့် ထပ်တိုးပံ့ပိုးကူညီမှုများကိုလည်း ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ၃။ ဒေသတွင်းနှင့် နိုင်ငံတကာက ပြင်းထန်သော ဖိအားပေးမှုများ လုပ်ဆောင်နေစေကာမူ တရားမဝင်အာဏာသိမ်းယူထားသည့် စစ်ကောင်စီသည် နိုင်ငံတော်အား ဥပဒေမဲ့ ဆက်လက် ထိန်းချုပ်ထားနိုင်ရန် အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျတိုးမြှင့်လုပ်ဆောင်နေခြင်းတို့ကြောင့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်း များက ညီညွတ်သော တုံ့ပြန်အရေးယူမှုများကို ချမှတ်လုပ်ဆောင်ပေးရန်မှာ အရေးတကြီး လိုအပ်လျက်ရှိကြောင်း မြန်မာပြည်သူများကိုယ်စား ထပ်လောင်းအသိပေးလိုပါသည်။ ၄။ လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် မြန်မာ ပြည်သူများမျှော်လင့်ကြိုးပမ်းနေသည့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်သွားနိုင်ရေးအတွက် အရေးအကြီးဆုံးအရာမှာ တရားမဝင်သည့် စစ်အုပ်ချုပ်ရေးကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးပင်ဖြစ်ပြီး ဒီမိုကရေစီအင်အားစုများအား ထိရောက်ပြီး လက်တွေ့ ကျသည့် ပံ့ပိုးကူညီပေးမှုများဖြင့်သာ မြန်မာနိုင်ငံ၏ ကာလရှည်ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုအား အဆုံးသတ်နိုင်မည်ဖြစ်သည်ကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကောင်းစွာ နားလည်သဘောပေါက်လိမ့်မည်ဟု မိမိတို့ အခိုင်အမာယုံကြည်ပါသည်။ ၅။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် လက်ရှိပဋိပက္ခအား အမြန်ဆုံး အဆုံးသတ်ပြီး မြန်မာပြည်သူများအတွက် ငြိမ်းချမ်းသောအနာဂတ်ကို ဖန်တီးပေးနိုင် ရေးအတွက် ဒီမိုကရေစီအင်အားစုများနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းကို ထပ်မံအသိပေးလိုပါသည်။ ယခု (၇) ကြိမ်မြောက် ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများအပါအဝင် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ တရားမျှတမှုဖော်ဆောင်နိုင်ရေးနှင့် အားလုံးပါဝင်သော အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် စဉ်ဆက်မပြတ်သော ပံ့ပိုးကူညီမှုများ အတွက် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများကို အထူးကျေးဇူးတင်ရှိပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-07-21

Date of entry: 

2023-07-21

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

567.49 KB

Resource Type: 

text

Text quality: 

    • Good