National Unity Government: Announcement No.13/2021 - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၁၃/၂၀၂၁)

Description: 

"နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများအပေါ် ချမှတ်သည့် တရားရုံးအသီးသီး၏ အမိန့်များသည် မူလကပင် ပျက်ပြယ်ကြောင်းကြေညာခြင်း ၁။ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံသားအားလုံး၏ အထွတ်အထိပ်ဖြစ်သော နိုင်ငံတော်သမ္မတ၊ လူထုခေါင်း‌ဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူများ၊ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြှောက် ထားသော လွှတ်တော်ကိုယ်စားလှယ် များနှင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ မဟုတ်မမှန်စွပ်စွဲ၍ တရားစွဲဆိုအပြစ်ပေးခြင်းများ ကျူးလွန်ခဲ့သည်။ ၂။ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ဒီမိုကရေစီကျင့်စဉ်များ နှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ခြင်း သည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့ခြင်းပင်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အကြမ်းဖက် စစ်ကောင်စီနှင့် အပေါင်းအပါများအား လက်နက်ကိုင်သောင်းကျန်းနေသူများဖြစ်သည့်အတွက် အကြမ်းဖက်အုပ်စုအဖြစ် အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီးလည်း ဖြစ်သည်။ ၃။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအပါအဝင် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ အကြောင်းပြချက်အမျိုးမျိုးပြကာ မြန်မာနိုင်ငံ ဒေသ အသီးသီးရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် စွဲဆိုထားသောအမှုများ အားလုံးသည် မူလစတင်တရားစွဲဆိုစဉ် ကပင် ပျက်ပြယ်သောအမှုများဖြစ်ကြောင်း နှင့် အဆိုပါအမှုများအပေါ်တွင် ပြစ်ဒဏ်ချမှတ်သည့် အမိန့်များသည်လည်း လုံးဝ တရားဝင်မှု မရှိကြောင်း အတိအလင်း ထုတ်ပြန် ကြေညာလိုက်သည်။ ၄။ ထို့နည်းတူ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် တရားမဝင် တာဝန် ထမ်းဆောင် နေကြသော တရားသူကြီးများ၊ ဥပဒေအရာရှိများ နှင့် ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ကြီးအား အားပေးကူညီ ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဆောင်ရွက်ချက်များ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ပြဋ္ဌာန်းဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။ ၅။ မတရားသဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခြင်းခံကြရသော ပြည်သူလူထုအသီးသီးတို့၏ လူ့အခွင့်အရေးနှင့် ဥပဒေအရ အခွင့်အရေး ဆုံးရှုံးနစ်နာမှုများအတွက် အကြမ်းဖက် စစ်ကောင်စီတွင် လုံး၀ တာဝန်ရှိကြောင်းနှင့် ဥပဒေမဲ့ လုပ်ဆောင်မှုအားလုံးအတွက် စစ်ကောင်စီအဖွဲ့ဝင်များနှင့်တကွ အပေါင်းအပါများအားလုံးအပေါ် ပြင်းထန် ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-12-09

Date of entry: 

2021-12-09

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

377.84 KB

Resource Type: 

text

Text quality: 

    • Good