National Unity Government: Ministry of Planning, Finance and Investment Announcement No.1/2021 - စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက် (၁/၂၀၂၁)

Description: 

"ကြေညာချက် (၁/၂၀၂၁) မေလ ၂၃ ရက် ၂၀၂၁ ခုနှစ်။ =============== အကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား အရှိန်အဟုန်မြှင့် သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်ခြင်း -------------------------- ၁။ အကြမ်းဖက်စစ်အုပ်စု၏ ဝင်ငွေရလမ်းများအား ဟန့်တား၊ ပိတ်ဆို့၊ဖြတ်တောက်နိုင်ရေးသည် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် လုံး၀ချုပ်ငြိမ်းပျောက်ကွယ်သွားစေရေးအတွက် လွန်စွာအရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ ၂။ အဆိုပါလုပ်ငန်းစဉ်တွင် အကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ အား ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခြင်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်။ ၃။ ခေတ်အဆက်ဆက် လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာအား အကြမ်းဖက်သိမ်းယူခဲ့သည့် နောက်ကွယ်က တစ်ခုတည်း သော အဓိက အကြောင်းအရင်းသည် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်များ၏ စီးပွားရေး အကျိုးအမြတ်များကို တည်ဆောက်ထူထောင် ၊ ချဲ့ထွင်ကာကွယ်ရန်သာဖြစ်သည်။ ၄။ ယခုအခါ အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးအင်ပါယာသည် ကျောက်မျက် ရတနာရောင်းဝယ်ခြင်း၊ စက်သုံးဆီဖြန့်ဖြူး ရောင်းချခြင်း၊ ဟိုတယ်လုပ် ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆိပ်ကမ်းဝန်ဆောင်မှု မှစ၍ အရက်၊ ဘီယာ၊ စီးကရက်၊ ဘိလပ်မြေ၊ သံချောင်း၊ အိမ်မိုးသွပ်ပြား ထုတ်လုပ်ရောင်းချခြင်းအပါအဝင် ကော်ဖီမစ်၊ တီးမစ်၊ ဆပ်ပြာ၊ သွားတိုက်ဆေးပါမကျန် ဈေးကွက်နယ်ပယ်စုံ၌ ထိုးဖောက်နေရာယူကာ စီးပွားရေးအကျိုးအမြတ်များစွာ နှစ်စဉ်ရရှိနေပါသည်။ ၅။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အဓိကအသက်သွေးကြော ဝင်ငွေရလမ်းဖြစ်သည့် ပူးတွဲဖော်ပြပါ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲခြင်း၊ သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် အရှိန်အဟုန်မြှင့် သပိတ်မှောက်ကြရန် အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။ တင်ထွန်းနိုင် ပြည်ထောင်စုဝန်ကြီး စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန..."

Source/publisher: 

Ministry of Planning, Finance and Investment - Myanmar - NUG

Date of Publication: 

2021

Date of entry: 

2021-05-24

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

452.56 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: